Saturday, September 15, 2007

ခရီးအစ

အပတ်စဉ် သောကြနေ့တိုင်း တောင်ကြီး အင်တာနက်သတင်းဂျာနယ်ကို ထုတ်ဝေဖြစ်ခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်လာပါပြီ ....ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်တစ်ခုတည်းကိုပဲ အခြေခံခဲ့တာမို့ အခက်အခဲတွေလည်း အများကြီး ကြုံခဲ့ရပါတယ်
ဂျာနယ်ပြီးခါနီးမှ မီးပြတ်သွားသလို ...
ဂျပန် Copier လေးကလည်း တအီအီမြည်လို့......
ဒီလိုနဲ့ပဲ... ခရီးတွေရှေ့ဆက်ခဲ့ကြတယ်
ပထမဆုံးခြေတစ်လှမ်းကို စနိုင်ခဲ့ပြီဆိုပေမယ့်
နောက်ထပ်ခရီးတွေအတွက် အများကြီးလိုအပ်နေသေးတဲ့ ခွန်အားတွေ...........
ဟုတ်ကဲ့.................မြင်ထားနှင့်တဲ့ပန်းတိုင်ဆီအရောက် ...ခရီးတစ်ထောက်မနားစတမ်း ..ဆက်လှမ်းဦးမှာပါ.....................

0 comments: