Monday, May 19, 2008

လေဘေးကယ်ဆယ်ရေးလုပ်ငန်း

(၆-၅-၂၀၀၈)ရက်နေ့ ည ၈နာရီအချိန်တွင် ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ဦးဆောင်ပြီး နာဂစ်မုန်တိုင်း လေဘေးသင့်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တောင်ကြီးမြို့နယ်မှ စည်းရုံးရေးမှူးနှင့် အသင်းဝင်လူငယ် (၂၁၂)ဦး၊ မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် (၅၀)ဦးနှင့် အုပ်ချုပ်သူ(၃)ဦး၊ စုစုပေါင်း (၃၁၅)ဦးကို စေလွှတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြပါသည်။

(၁၆-၅-၂၀၀၈)ရက်နေ့ နေ့လည် ၁နာရီ ၁၀မိနစ်အချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ဦးဆောင်ပြီး နာဂစ်မုန်တိုင်း လေဘေးသင့်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တောင်ကြီးမြို့နယ်မှ စည်းရုံးရေးမှူးများနှင့် အသင်းဝင်လူငယ် (၈၀)ဦးအား ရန်ကုန်မြို့သို့ ဒုတိယအကြိမ် စေလွှတ်နိုင်ခဲ့ပါသည်။

ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ကြမည့် လူငယ်များကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးမှ ဦးထုတ်များ ဝေငှစဉ်






Thursday, May 15, 2008

အိမ်မက်မဟုတ်တော့ပါ


အခုအချိန်မှာဆိုယင် မြန်မာပြည်သူတွေ နှစ်ပေါင်းရှည်စွာ မျှော်လင့်တောင့်တပြီး အိမ်မက်ပမာ ထင်ယောင်ထင်မှား ဖြစ်လေမလားဆိုပြီး အတွေးပေါင်းများစွာ ဖြစ်ခဲ့ရတဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးက မေလ(၁၀)ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့ပြီး အောင်မြင်စွာ ပြီးစီးသွားခဲ့ပါပြီ၊ သို့သော် ၀မ်းနည်းစရာ ကောင်းတာက နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ မြို့နယ်တွေသာ ကျန်နေခဲ့ရပါတယ်၊ဒါကလည်း မကြာမီရက်ပိုင်းအတွင်းမှာ ပြီးစီးသွားမှာ ဖြစ်ပါတယ်၊အကောင်းဆုံးတွေ အိမ်မက်တွေကို ကျုပ်တို့တွေ တက်ညီလက်ညီနဲ့ ၀ိုင်းဝန်းကပြ အသုံးတော်ခံခဲ့ပြီးပါပြီ၊ အကောင်းဆိုတာဘဲ မရှိတဲ့ နေရာတွေမှာ အဆိုးလေးကတော့ နည်းနည်းရှိတက်သကော၊ ဒါကလည်း အများနဲ့ တစ်ယောက်ဆိုတော့ မထိုးဖောက်နိုင်ခဲ့ရှာဘူး၊ အများပြည်သူ(သို့) အသက်(၁၈)နှစ်ပြည့်ပြီးသော မြန်မာနိုင်ငံသားတိုင်း (သို့)တည်ငြိမ်အေးချမ်းမှုကို လိုလားသူ(သို့) ဥပဒေဘောင်အတွင်းနေထိုင်သူတွေကတော့ ၀မ်းသာကြပါတယ်၊ အဲ ဒီနေရာမှာ တော့ ကျုပ်တို့တွေ တွေးစရာ (၂)ချက်ရှိတယ်၊ (၁)မိမိတိုင်းပြည်(သို့) နိုင်ငံတိုးတက်စေရန်အတွက် အခြေခံဥပဒေမူကို ထောက်ခံဆန္ဒမဲပေးတာလားး(၂) ယခုလက်ရှိ အစိုးရကို ဆက်လက်တည်မြဲစေရန်အတွက် ဆန္ဒမဲပေးတာလား၊ ဒီလိုဆိုယင် ဒုတိယအချက်ကျတော့ မဖြစ်နိုင်ဘူးတဲ့၊ ဘာလို့လဲဆိုတော့ ယခုလက်ရှိအစိုးရက အာဏာလွဲပြောင်းမပေးချင်ဘူးဆိုခဲ့ယင်......... ဒီဆန္ဒခံယူပွဲကြီးကို လုပ်ပေးစရာမလိုဘူး၊ သူတို့အတွက်တောင်မှ အလုပ်ရှုပ်သေးတယ်၊ အေးအေးဆေးဆေးအာဏာ ဆက်ယူရင် ဘယ်သူဘာပြောရဲရှာမှာလဲ၊ ယခုလက်ရှိ စစ်အစိုးရက ခဏ၀င်ထိန်းပေးတဲ့သဘောပေါ့၊ လက်ရှိအစိုးရကြောင့် ကျုပ်တို့ တိုင်းရင်းသားတွေဘ၀တွေ ၊ မြန်မာနိုင်ငံဟာ တိုးတက်ပြောင်းလဲမှုတွေ တွေ့ကြုံခဲ့ရပါတယ်၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ခဲ့တယ်၊ နိုင်ငံတကာကို မမီသေးပေမဲ့ နောက်မကျတဲ့ တိုးတက်မှုတွေရှိနေခဲ့ပါတယ်၊ ဒါကြောင့် ပြည်သူတွေက ထောက်ခံမဲ ပေးကြတယ်ဆိုတာ ချမှတ်ထားတဲ့ မူတွေကို ထောက်ခံတာ၊ ဒီလက်ရှိ အစိုးရ(သို့) အဖွဲ့အစည်းကို ထောက်ခံတာ မဟုတ်ကြတာ ကျုပ်တို့တွေ အသိဘဲ၊ လူနည်းစု က ပြောနေကျပါ၊ ဗိုလ်ချုပ်က ပြောခဲ့တယ် ၊ ပြောခဲ့တယ်၊ မှန်လိုက်လေ ဗိုလ်ချုပ်ပြောခဲ့တဲ့ တရားမျှတတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးက ကျုပ်တို့ အနီးအနားကို မဝေးသောကာလမှာ ရောက်ရှိလာတော့မှာ ဧကန်အမှန်ပါဘဲ၊ အဲ့ဒီအချိန်ကျယင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပြည်ထောင်စုနယ်မြေများ၊ ပြည်နယ်(၇)ခု၊ တိုင်းဒေသကြီး(၇)ခု ပေါ်ထွက်လာမှာ ဖြစ်ပါတယ်၊ ကျုပ်တို့ ပြည်သူပြည်သားတွေ ခက်ခက်ခဲခဲ ရေးဆွဲထားရတဲ့ အနာဂတ်နိုင်ငံတော်ကို ကျုပ်တို့ မြန်မာစစ်စစ်တွေ လက်နဲ့ကိုယ်တိုင် ကိုယ်ကျထုဆစ်ထားရတာ ကျေနပ်လှပါတယ်၊ အားလုံးက အားပေးထောက်ခံကျတော့ ပင်ပန်းကျိုးနပ်ပါတယ်၊ ကျုပ်တို့တွေ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေမူဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု ကောင်းစားဖို့အတွက် ရေးဆွဲထားတာ မဟုတ်ပါဘူးဆိုတာ ကျုပ်တို့တိုင်းရင်းသားတွေက သိရှိနားလည်သွားလို့ ထောက်ခံမဲတွေ ပေးခဲ့ကြတာ၊ ဟိုနိုင်ငံက ဘယ်လို၊ ဒီနိုင်ငံကတော့ ဘယ်လို ရေးဆွဲထားတာ ကြားနေရပေမယ့်၊ ဒီလိုလုပ်လိုက်ယင် ဒီလိုတိုးတက်တာပေါ့၊ လေဖမ်းဒန်းစီးလုပ်ရတာ တစ်အားဝါသနာပါသူတွေကိုတော့ စိတ်ပျက်မိသကော၊ မြန်မာလူမျိုးဖြစ်တဲ့ ကျုပ်တို့တွေ ဂရုမစိုက်ပါဘူး၊ ကိုယ့်အိမ်အကြောင်း ကိုယ်သာသိဆိုတဲ့ အတိုင်း ကျုပ်တို့နိုင်ငံ အနေအထား၊ သဘာဝတရားကို ကျုပ်တို့တွေ သိရှိနားလည်ထားလို့ ဘယ်လို အခြေခံ ဥပဒေမူသာ သင့်တော်တယ် ဒီလိုပုံစံဆိုတာ ချပြပြီးသား၊ အားလုံးကလဲ ကျေနပ်ခဲ့ကြတယ်၊ ဒီနေရာမှာ ယခုလက်ရှိအစိုးရက ဘာမှဝင်ရောက် စွက်ဖက်မှု မရှိသလောက်ပါဘဲ၊ ခက်တာက သုံးလုံးတွေပေါ့ တိုင်းပြည်(သို့) နိုင်ငံတစ်နိုင်ငံ ထူထောင်မယ် ဆိုယင် အဲ့ဒီနိုင်ငံရဲ့ တည်ငြိမ်ရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးကတော့ မရှိမဖြစ် ရှိသင့်တဲ့အချက်တွေလို့ ထင်တယ်၊ အဲဒါဆိုယင် တပ်မတော်ရဲ့ အခန်းကလည်း တစ်ထောင့်တစ်နေရာမှာ ပါဝင်မှ ရမှာ ပေါ့၊ ၂၅% ပါဝင်နေတာကို မြန်မာပြည်မှာ မွေး၊ ဟိုနိုင်ငံမှာ နိုင်ငံကြီးသားယောင်တောင်တောင် ဖြစ်အောင် ကြိုးစားနေရှာတဲ့ မြန်မာပျက်တွေကို ပြောချင်ပါတယ်၊ ၂၅% နှုန်းက ကျန်ရှိတဲ့ ၇၅%ကို လွှမ်းမိုးမှု မရှိဘူးဆိုတာ ဒူးတွေ့ ကိုယ့်တွေ့ မြန်မာပြည်တွင်းမှာ နေထိုင်ကြတဲ့ ကျုပ်တို့ တိုင်းရင်းသားတွေသာ သိတယ်၊ ထုတ်ဖော် မပြောတက်တာ တစ်ခုဘဲရှိမယ်၊ ၊ အခုတော့ အောင်မြင်စွာ ဆန္ဒခံယူပွဲကြီး အောင်မြင်စွာ ပြီးစီးသွားတော့ အတင်းအဖျင်းတွေ မကြားရတော့ဘူး၊ ကောင်းလေစွ၊ စည်းလုံးညီညွှတ်ခြင်းအင်အား ပြနိုင်ခဲ့ပါပြီ..........

Saturday, March 1, 2008

ထမနဲထိုးရန်အတွက် ကြိုတင်ပြင်ဆင်နေစဉ်


Friday, February 29, 2008

ထမနဲထိုးပြိုင်ပွဲ

ဖေဖေါ်ဝါရီလ ၂၀ရက်နေ့တွင် တောင်ကြီးမြို့ အဝေယာကုန်းသာယာကွင်းတွင် ရှမ်းပြည်နယ် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီမှ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ထမနဲထိုးပြိုင်ပွဲတွင် ရှမ်းပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ ပြိုင်ပွဲဝင်အသင်း(၁)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အကဲဖြတ်အမှတ်ပေး ဒိုင်အဖြစ် (၂၅)ဦး ပါဝင် ပေးနိုင်ခဲ့ပြီး အဆိုပါ ထမနဲထိုးပြိုင်ပွဲတွင် ပြည်နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်များမှ ပြိုင်ပွဲဝင်အသင်း(၇၈)သင်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်ရဲတပ်မှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ်

Monday, January 14, 2008

စစ်ကြောင်းအလိုက်ချီတက်ချီတက်နေပုံ

Monday, January 7, 2008


အမျိုးသား ညီလာခံနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ထောက်ခံကြိုဆိုပွဲ အခမ်းအနားကို ၂၀၀၇ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့ နံနက်(၇)နာရီ (၁၅)မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ပြည်နယ် အားကစားကွင်းကြီးတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)မှ မြို့မိမြို့ဖများက ဦးစီးပြီး ဥပဒေနှင့် အညီ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ တောင်ကြီး၊ လွိုင်လင်၊ လင်းခေးခရိုင်တို့မှ မြို့မိမြို့ဖများ၊ ခရိုင်(၃)ခရိုင်အတွင်းရှိ မြို့နယ်(၂၁) မြို့နယ်မှ ဒေသခံတိုင်းရင်းသားပြည်သူများ၊ လူမှုရေး အသင်း အဖွဲ့အသီးသီးမှ အဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စက်မှုလက်မှု လုပ်ငန်းရှင်များ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လူထုလူတန်းစား အဖွဲ့အစည်း အသီးသီးမှ ပြည်သူများ စုစုပေါင်း အင်အား(၁၀၂၀၀၀)ကျော်ခန့် တို့က အင်တိုက် အားတိုက် တစ်ခဲနက် တက်ရောက်ခဲ့ကြပါသည်။ (စစ်ကြောင်းအလိုက်ချီတက်နေပုံ)

Sunday, December 30, 2007

နှစ်ရှည်ပျိုးပင်များလှူဒါန်းမှု

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးအသင်းတွင် ခရိုင်(၃)ခု၊ မြို့နယ်(၂၁)မြို့နယ်၊ မြို့နယ်ခွဲ(၇)မြို့နယ် ခွဲခြားထားရှိရာ အဆိုပါမြို့နယ်များအလိုက် အိမ်ခြံဝိုင်းအတွင်း ၀င်ငွေရရှိရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးအတွက် အသင်းမှ ကိုယ်တိုင်ကိုယ်ကျ ပျိုးယူရရှိသည့် ဒညှင်း၊ သရက်၊ ပိန္နဲအစရှိသည့် နှစ်ရှည်ပျိုးပင်များအား ကျေးရွာများသို့ အခမဲ့ သွားရောက် လှူဒါန်းကြောင်းမှတ်တမ်းတင်ပါသည်။